တစ်မွန်းတည့်နိုင်ငံရေးနှင့် ဟောလိဝုဒ် နွေဦးတော်လှန်ရေးဇာတ်ညွှန်း

တစ်မွန်းတည့်နိုင်ငံရေးနှင့် ဟောလိဝုဒ် နွေဦးတော်လှန်ရေးဇာတ်ညွှန်း

စာအုပ်အမည်- တစ်မွန်းတည့်နိုင်ငံရေးနှင့် ဟောလိဝုဒ် နွေဦးတော်လှန်ရေးဇာတ်ညွှန်း

(ထပ်မံဖြည့်စွက်ချက်နှင့်အတူ)

ရေးသူ- နေဇင်လတ်

စာမျက်နှာ- ၂၈၅

တန်ဖိုး- ၄၅၀၀

ပို့ခ- အခမဲ့

ထုတ်ဝေသူ- မြဝတီစာပေတိုက်

 

‘မိတ္တူဟူသည်မှာ မူရင်းပေါ်မူတည်၏။ မူရင်းမကောင်းဘဲ မိတ္တူကောင်းကိုမျှော်၍ ရမည်မဟုတ်။ ကြက်ဥမှပေါက်လျှင် ကြက်သားပေါက်သာထွက်၍ ငှက်ဥမှ အမျိုးတူငှက်သားပေါက်ကိုသာ ထုတ်လုပ်ပါ၏။ Management တွင် အဖွဲ့အစည်းများသည် ခေါင်းဆောင် Leader နှင့် ခေါင်းဆောင်မှု Leadership အပေါ် အလွန်အလေးထားသည်။

ခေါင်းဆောင်သိမ်မွေ့လျှင် နောက်လိုက်တို့ သိမ်မွေ့သည်။ ခေါင်းဆောင် ပညာကိုသုံးလျှင် နောက်လိုက်တို့လည်း ပညာသုံးတတ်လာသည်။ ခေါင်းဆောင်က ရမ်းကားလျှင် နောက်လိုက်တို့ ထိန်းမရအောင် ရမ်းကားတတ်သလို ခေါင်းဆောင်က အဆင်ခြင်မဲ့လျှင် နောက်လိုက်တို့လည်း ဘာကိုမှသတိမမူမိနိုင်ကြတော့ချေ။’

(နောက်လိုက်တို့စရိုက် ခေါင်းဆောင်အပေါ်မူတည်သည်… မှ)

+++++

‘CDM နောက်ကွယ်ကလူများမှာ အင်အားတောင့်တင်းပြီး အတွေ့အကြုံရှိကြသူများပါဝင်ကြသည်။ (တာဝန်ရှိသူများက ဖော်ထုတ်ပါလိမ့်မည်)။ NLD ပြုတ်ကျလျှင် ဆောင်ရွက်ရန် ကြိုတင်စီစဉ်ထားကြောင်း ပေါ်လွင်နေပါ၏။ မြန်မာနိုင်ငံရေးတွင် နှစ်များစွာ ဝင်ရောက်ခြယ်လှယ်ခြေရှုပ်နေသော နိုင်ငံခြားစပွန်ဆာများပါဝင်သလို မြန်မာနိုင်ငံအရေးတွင် နှစ်ရှည်လများ၊ အတွေ့အကြုံရှိသူများ ပါဝင်ဦးဆောင်နေမည်ကို ခန့်မှန်းနိုင်ပါ၏။ သတင်းအချို့အရ သိရသော်လည်း ကြိုတင်မရေးလိုပါ။ ယခင်ကနှင့်မတူ ငွေကြေးကိုပုံအော၍ သုံးစွဲသွားခြင်း၊ ကွန်ရက်များ ကြိုတင်ဖွဲ့စည်းထားနိုင်ခြင်း၊ ဘဏ်အချို့ကို အသုံးချနိုင်ခြင်း၊ ဒေါ်လာကို မြန်မာကျပ်ငွေနှင့် ကြိုတင်ပြောင်းလဲထားနိုင်ခြင်း၊ မည်သည့်မြို့၊ မည်သည့်ဒေသတွင်း စသည်ဖြင့် စည်းရုံးရေးဆဲလ်များ ဖွဲ့စည်းထားနိုင်ခြင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ရောက်မှုရှိစေရန် Social Influencer ဖြစ်သော အနုပညာရှင်များကို ကောင်းစွာစည်းရုံးအသုံးချသွားခြင်းဖြစ်သည်။’

(CAS Vs CDM+CRPH… မှ)

+++++

‘သပိတ်တို့၏အစဉ်အလာအတိုင်း “အရေးတော်ပုံ အောင်မြင်ရမည်” ဟု တွန်းအားပေးကြ၏။ လူမှုကွန်ရက် အားကောင်းလာသည်ဖြစ်၍ “ရက်ပိုင်းပဲတောင့်ထား”၊ နောက် ဘယ်နှရက်ဆို စစ်အစိုးရ ပြုတ်ကျတော့မယ်”၊ “QUAD စစ်ရေးလေ့ကျင့်ရင်းနဲ့ မြန်မာကိုဝင်တိုက်မည်”၊ “ဘယ်လက်နက်ကိုင်အဖွဲ့နဲ့ CRPH ဆွေးနွေးနေပြီ”၊ “နေပြည်တော်ကို အမေရိကန်လေကြောင်းချီတပ်မနဲ့ ဗုံးကြဲတော့မယ်”၊ “အရေးတော်ပုံ အောင်ရမည်”၊ “G-Z တဲ့ကွ”

စသည်ဖြင့် မသိဘဲမျှော်သူများရှိသလို သိလျက်နှင့် ချနင်းကြသူများလည်းရှိကြသည်။ ၁၉၈၈ ခုနှစ် အရေးအခင်းကို ကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းဖူးကြပါသလားဟု မေးလိုပါသည်။ သေချာသည်က အသုံးချခံ ဖြစ်မှန်းမသိဖြစ်လာကြသော G-Z များသည် ၁၉၈၈ ခုနှစ်အရေးအခင်းကို သိဖို့မဆိုထားနှင့် မွေးပင်မမွေးသေးချေ။’

(အရေးတော်ပုံ အောင်မြင်ပါသလား… မှ)

+++++

‘ဒေါ်စုအစိုးရသက်တမ်း ၅ နှစ်သည် နှစ်ပေါင်း ၇၀ မျှလောက် မကွဲမပြားအောင် စုစည်းထားသော မြန်မာနိုင်ငံ အစိတ်စိတ်အမြွှာမြွှာကွဲသွားနိုင်လောက်သည်အထိ အခြေအနေဆိုးဝါးသွားခဲ့၏။ လက်တွေ့မကျင့်သုံးခဲ့သော လစ်ဘရယ်၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီတို့ကို မစားရဝခမန်းဖြင့် နေရာတိုင်း အုပ်စု ၂ ခုအဖြစ် ကောင်းစွာခွဲထုတ်လိုက်နိုင်ခဲ့သည်။

နောက်ဆုံး အနီအုပ်စုနှင့် အနီမဟုတ်သောအုပ်စုဟူ၍ သမိုင်းတွင်ကွဲပြားသွားကြတော့သည်။ အနီအုပ်စုကိုလေ့လာလျှင် ပညာတတ်တချို့ပါဝင်ပြီး ကိုယ်ကျိုးစီးပွားကိုအလေးထားသူ၊ (စာတတ်သော်လည်း ပညာမဖြစ်သော) အုပ်စုဖြစ်နေကြောင်း တွေ့ရပါလိမ့်မည်။ ကျန်သူများမှာ အသိနိမ့်၊ ပုဂ္ဂိုလ်ရေးကိုးကွယ်ကြသူများဖြစ်နေပါသည်။

အနီမဟုတ်သောအုပ်စုမှာ ပညာတတ်များစွာဖြစ်ပြီး အမှား၊ အမှန်ကို ဝေဖန်နိုင်ကြသူများဖြစ်ကြ၏။ ပုဂ္ဂိုလ်ရေးထက် အမှား၊ အမှန်ပေါ်အခြေခံကြသူများက အများစုဖြစ်သည်။

၁-၂-၂၀၂၁ ခုနှစ်အပြောင်းအလဲတွင် အနီအုပ်စု၏ CDM စတင်ခဲ့ပြီးနောက်ပိုင်း လူသတ်၊ ဗုံးခွဲ၊ အဖျက်လုပ်ငန်းများ၊ အကြမ်းဖက်လုပ်ငန်းများဖြင့် တိုင်းပြည်ကို နွံနှစ်ပစ်ရန် ကြိုးစားခဲ့ကြသည်။ အားလုံး၏တရားခံမှာ ‘ပညာ’၊ သို့မဟုတ် ‘အသိ’ ပင်ဖြစ်သည်။ အသိအင်အားနည်းပါးသောအုပ်စုတို့ အားတောင့်သောအခါ တွေ့မြင်ရလေ့ရှိသောမြင်ကွင်းအတိုင်း မြန်မာနိုင်ငံတွင်လည်း ဖြစ်ခဲ့သည်ကို တွေ့ရပါ၏။’

+++++

“အနာဂတ်ခေါင်းဆောင်များဖြစ်လာကြမည့် မျိုးဆက်သစ်လူငယ်များအနေဖြင့် ပညာနှင့်အတွေ့အကြုံမြင့်မားပြီး နိုင်ငံရေး၊ နိုင်ငံတကာရေး၊ စီးပွားရေး၊ နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားရေးစိတ်ဓာတ်များကို ကောင်းစွာပိုင်ဆိုင် အသုံးချနိုင်ရန်နှင့် ခေါင်းဆောင်တို့၏ နှလုံးရည်၊ လက်ရုံးရည်တို့ကို မှန်မှန်ကန်ကန်ပိုင်ဆိုင်ကြပြီး အမှားသံသရာကလွတ်မြောက်ကာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအကျိုးစီးပွားအပေါ်သာ ပညာဖြင့် မမှိတ်မသုန် ရပ်တည်ဆောင်ရွက်နိုင်ကြရန် ရည်ရွယ်ပါသည်” ဟု ဆရာနေဇင်လတ်က အမှာစကားပါးထားပါသည်။

စာအုပ်မှာယူမယ်ဆိုရင်တော့-

ဖုန်း- 09 681 199 201, 09 257 378 495

Viber- 09 976 155 912, 09 693 427 878 ကို ဆက်သွယ်မှာယူနိုင်ပါတယ်။

Scroll to Top