ဗိုလ်မှူးသီဟသူရကျင်စံ

ဗိုလ်မှူးသီဟသူရကျင်စံ

စာအုပ်အမည်- ဗိုလ်မှူးသီဟသူရကျင်စံ

ရေးသူ- သီဟအောင်

 

“ဗိုလ်မှူးသီဟသူရကျင်စံ” လို့ဆိုလိုက်တာနဲ့ မြန်မာ့တပ်မတော်ရဲ့ နာမည်ကြီး စစ်သူရဲကောင်းတစ်ဦးဆိုတာ အတော်များများ သိကြပါလိမ့်မယ်။ ၁၉၇၀ ပြည့်နှစ်တွေအတွင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းမှာ ရန်သူတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့ခဲ့ရသူလဲဖြစ်ပါတယ်။ သူ့နာမည်ကို “ဗိုလ်ကျည်ဆန်” လို့တောင် ရန်သူတွေက တင်စားခေါ်ဝေါ်ခဲ့ကြပြီး “သေချင်ရင် စိန်မစားနဲ့ ဗိုလ်ကျည်ဆန်ဆီသွား” လို့ ပြောစမှတ်တွင်လောက်အောင် တိုက်ရည် ခိုက်ရည်မှာ ထူးချွန်ပြောင်မြောက်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

ရန်သူကေအင်န်ဒီအိုတပ်မဟာ(၁)က ဗိုလ်ကျည်ဆန်နဲ့ ဝေးလေကောင်း လေလို့ခံယူပြီး “ဗိုလ်ကျည်ဆန်နှင့် သူ၏စစ်တပ်ရှိသည့်နေရာမှ ၂၅ မိုင်ပတ်လည် အတွင်း ကေအင်န်ဒီအိုမှန်သမျှ မည်သည့်အကြောင်းနှင့်မှရှိမနေရ” လို့ပင် အမိန့် ထုတ်ပြန်ခဲ့ရတဲ့အထိ ဗိုလ်မှူးကျင်စံကို ကြောက်ခဲ့ကြပါတယ်။

ဒီစာအုပ်မှာ ဗိုလ်မှူးသီဟသူရကျင်စံရဲ့ ကလေးဘဝကနေ စစ်တက္ကသိုလ် ဗိုလ်လောင်းဘဝဖြတ်သန်းမှု၊ အရာရှိဘဝရောက်တဲ့အခါ အမြဲတိုက်လိုခိုက်လို စိတ်ပြင်းထန်တက်ကြွကာ ရန်သူတွေကို အလဲထိုးချေမှုန်းတိုက်ခိုက်ခဲ့ပုံတွေကို ဖတ်ရှုကြရမှာပါ။

ဗိုလ်မှူးသီဟသူရကျင်စံရဲ့ လက်အောက်ငယ်သားတွေအပေါ် အနစ်နာခံ စောင့်ရှောက်မှု၊ ရဲဝံ့ပြောင်မြောက်တဲ့ စစ်မြေပြင်စွမ်းဆောင်မှုတွေကြောင့် သူနဲ့ သာဆိုရင် ငရဲပြည်ကိုတောင် သိမ်းပိုက်တိုက်ခိုက်ရဲတယ်လို့ သူ့စစ်သည်တွေက မှတ်ယူထားတာကြောင့် ဗိုလ်မှူးကျင်စံရဲ့ လေးစားအားကျဖွယ်ရာ စိတ်ဓာတ်နဲ့ ရဲဝံ့လှတဲ့စွမ်းရည်တွေကိုလဲ တွေ့မြင်ဖတ်ရှုကြရမှာပါ။

ဗိုလ်မှူးကျင်စံဟာ တိုက်ပွဲပေါင်းမြောက်မြားစွာကို ဆင်နွှဲအောင်မြင်ခဲ့ သလို တိုက်ပွဲတိုင်းမှာလဲ ရန်သူ့ကျည်ထိမှန်ပြီး ဘယ်တော့မှမသေနိုင်ဘူးလို့ ယုံကြည်ထင်မှတ်ထားသူအလား ငယ်သားတွေရှေ့ကနေ အလွန်ရဲရဲရင့် ရင့် ကွပ်ကဲတိုက်ပွဲဝင်ခဲ့သူဖြစ်ပါတယ်။

သူ နောက်ဆုံးတိုက်ပွဲဝင်ခဲ့တဲ့ ပွိုင့်(၆၃၀၃)တောင်ကုန်းတိုက်ပွဲမှာဆိုရင် ဗိုလ်မှူးကျင်စံရဲ့ အလွန်ပြင်းထန်တဲ့ တိုက်စိတ်ခိုက်စိတ်နဲ့ ရဲရဲရင့်ရင့်ကွပ်ကဲမှုပေး ပြီးတိုက်ခိုက်မှုကြောင့် ရန်သူဗကပတို့ အလွန်အထိနာခဲ့ပြီး သူတို့ရဲ့ စစ်ရေးရည် မှန်းချက်တစ်ခုကိုပါ စွန့်လွှတ်လိုက်ရတဲ့အထိ စစ်ရေးရလဒ်ကြီးတွေ ဖြစ်ပေါ်ခဲ့ တာကြောင့် တပ်မတော်နဲ့နိုင်ငံတော်ကို တစ်စုံတစ်ခုသောအတိုင်းအတာနဲ့ အလုပ်အကျွေးပြုနိုင်ခဲ့ပါတယ်။

လူပင်သေသော်လဲ နာမည်မသေတဲ့ ဗိုလ်မှူးသီဟသူရကျင်စံဟာ မြန်မာ့ စစ်သမိုင်းနဲ့ နိုင်ငံ့သမိုင်းမှာ အမြဲမှတ်တမ်းမော်ကွန်းထိုးရမဲ့ စစ်သူရဲကောင်း တစ်ဦးဖြစ်တဲ့အတွက် မျိုးဆက်သစ်လူငယ်တွေ လေးစားအားကျအတုယူနိုင်ကြ စေဖို့ မြဝတီစာပေတိုက်က ဒီစာအုပ်ကို ထုတ်ဝေဖြန့်ချိလိုက်ရပါတယ်။

Scroll to Top