မေတ္တာလွှမ်းသည့် သစ္စာရပ်ဝန်း

မေတ္တာလွှမ်းသည့် သစ္စာရပ်ဝန်း

စာအုပ်အမည်- မေတ္တာလွှမ်းသည့် သစ္စာရပ်ဝန်း

ရေးသူ- နေဇင်(ပေါက်ခေါင်း)

ထုတ်ဝေသူ- မြဝတီစာပေတိုက်

စာရေးဆရာနေဇင်(ပေါက်ခေါင်း)၏ “မေတ္တာလွှမ်းသည့် သစ္စာရပ်ဝန်း” စာအုပ်ထွက်ရှိလာပါသည်။ (၇၇)နှစ်မြောက် တပ်မတော်နေ့စာမူပြိုင်ပွဲတွင် ဝတ္ထုရှည်ပထမဆုရရှိသည့်ဝတ္ထုဖြစ်သည်။ စာဆိုစစ်သည်တစ်ဦးဖြစ်သည့်အားလျော်စွာ စစ်သည်ကောင်းတို့၏ နှလုံးမူ၍ ရသမြောက်စွာရေးဖွဲ့ထားနိုင်ပါသည်။

“ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်တိုင်းရင်းသားလူမျိုးကိုချစ်တဲ့စိတ်၊ ကိုးကွယ်မှုဘာသာတရားကိုချစ်တဲ့စိတ် အဲဒီလိုမျိုးချစ်စိတ်ဓာတ်ရှိတာက နိုင်ငံသားတွေရဲ့ သစ္စာတရားပဲ။ မျိုးချစ်စိတ်ဓာတ်ဟာ နိုင်ငံသားတွေရဲ့ သစ္စာတရားလို့ဆိုရင် မျိုးချစ်စိတ်ဓာတ်မရှိတဲ့နိုင်ငံသားဟာ တိုင်းပြည်အပေါ်မှာ သစ္စာမဲ့တာပဲ။ တိုင်းပြည်ကို ပြိုကွဲပျက်စီးအောင် နည်းမျိုးစုံနဲ့ ကြံဆောင်နေတဲ့သူဟာ တိုင်းပြည်ရဲ့သစ္စာဖောက်ပဲ”ဟု တပ်ရင်းမှူး၏ စစ်ထွက်မိန့်ခွန်းနှင့် တပ်ခွဲမှူးဗိုလ်ကြီးနိုင်ခန့်၏ “စစ်တိုက်တယ်ဆိုတဲ့နေရာမှာ အရာရှိတွေ၊ အခြားအဆင့်တွေမရှိဘူး ဆရာကြီး။ ဘယ်လောက်အထိ ရဲရဲဝံ့ဝံ့လုပ်နိုင်သလဲဆိုတာပဲရှိတယ်။ ဒီနေ့ ဒီစခန်းကိုရအောင်တိုက်မယ်၊ အကုန်တက်”ဟု ပြတ်သားသောအမိန့်က ကြက်သီး ထလောက်ပေသည်။

တိုင်းပြည်အတွက် တပ်မတော်သားများ၏ ရဲဝံ့သောစိတ်ဓာတ်နှင့် တိုင်းပြည်၏အချုပ်အခြာ၊ ပြည်တွင်းငြိမ်းချမ်းရေးတို့အတွက် စစ်ဆင်ရေးတာဝန်ထမ်းဆောင်နေခြင်းကို ပေါ်လွင်စွာရေးဖွဲ့ထားပါသည်။

“စစ်ပွဲတွင် ကိုယ်တိုင်ကိုယ်ကျပါဝင်နေသော တပ်မတော်သားများလောက် စစ်ကိုမုန်းတီးရွံရှာသူ မရှိပါ။ တပ်မတော်သားများထက် ငြိမ်းချမ်းရေးကို ရယူပိုင်ဆိုင်လိုသူမရှိပါ” ဟု ဆိုထားသည်။

စာအုပ်မှာယူလိုပါက-

ဖုန်း- 09 681 199 201, 09 257 378 495

Viber- 09 976 155 912, 09 693 427 878 ကို ဆက်သွယ်မှာယူနိုင်ပါသည်။

Scroll to Top