တက္ကသိုလ်သူ့မောင်၏ ဝတ္ထုတိုများ

တက္ကသိုလ်သူ့မောင်၏ ဝတ္ထုတိုများ

စာအုပ်အမည်- တက္ကသိုလ်သူ့မောင်၏ ဝတ္ထုတိုများ

ရေးသူ- တက္ကသိုလ်သူ့မောင်

တန်ဖိုး- ၂၅၀၀

ထုတ်ဝေသူ- မြဝတီစာပေတိုက်

 

ဆရာတက္ကသိုလ်သူ့မောင်၏ လွန်ခဲ့သောနှစ်ပေါင်း ၇၀ ခန့်က မဂ္ဂဇင်းများတွင် ရေးသားခဲ့သည့် ဝတ္ထုတိုများကို စုစည်း၍ ထုတ်ဝေထားသော ‘တက္ကသိုလ်သူ့မောင်၏ ဝတ္ထုတိုများ’ စာအုပ် ထွက်ရှိလာသည်။ စာအုပ်တွင် ‘လကျာ်မင်းထင်’ မှသည် ‘အကြောင်းကံရယ် ပေါင်းရန်ကမလွယ်’ အထိ ဝတ္ထုတို ၁၀ ပုဒ် ပါဝင်ပါသည်။

ကုန်းဘောင်ရာဇဝင်နှင့် မြန်မာစာပေသမိုင်းတို့ကိုမှီငြမ်း၍ မဟာဂီတတေးသီချင်းစာအုပ်တွင် ရေးသူ အမည်မသိအနေဖြင့်တွေ့ရသော ‘ယမုန်နာသီတာသောင်ခြေ ပတ်ပျိုး’ ရေးသားသူကို ဂုဏ်ပြုသောအားဖြင့် စိတ်ကူးဉာဏ်ကွန့်လျက် ခြယ်မှုန်းထားသော ‘လကျာ်မင်းထင်’ ဝတ္ထုတိုသည် မြန်မာစာပေနှင့် ဂီတကို မြှင့်တင်လိုသော ရည်ရွယ်ချက်ဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။ ထိုဝတ္ထုကို နိုင်ငံတော်အသံလွှင့်ဌာနက ဇာတ်လမ်းပမာ နားဆင်စရာအဖြစ် ထုတ်လွှင့်ခဲ့ရုံမက ရုပ်ရှင်အဖြစ်ပါ ပုံဖော်ရိုက်ကူးခဲ့ရသည်အထိ အောင်မြင်ခဲ့သည်။

တက္ကသိုလ်သို့ မြန်မာနိုင်ငံအရပ်ရပ်မှ ပညာရင်နို့သောက်စို့ရန် လာကြကုန်သော ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာသင်ကြားချိန်တွင် မမှားသင့် မမှားအပ်၊ မပြုလုပ် မကျင့်အပ်သော မကောင်းမှုတို့ကို ရှောင်ကြဉ်နိုင်ကြစေရန် စေတနာပြု ရေးသားထားသော ဝတ္ထုအမည်က ‘အပွင့်’။ မျက်မှောက်ခေတ်ကာလ အခြေအနေများနှင့်ပါ ကိုက်ညီသော ခေတ်ဟောင်း လက်ရာ ဝတ္ထုတစ်ပုဒ်ဖြစ်သည်။

မြန်မာပြည်လွတ်လပ်ရေးအတွက်နှင့် လွတ်လပ်ရေးကြီး တည်တံ့ခိုင်မြဲစေရန် သက်စွန့်ကြိုးပမ်း တိုက်ပွဲဝင်ခဲ့ကြသော မြန်မာ့သားကောင်း တပ်မတော်သားတို့၏ ပေးဆပ်စွန့်လွှတ်မှုနှင့် ၎င်းတို့၏ ကျေးဇူးတရားများကို ပြန်လည်သတိရစိမ့်သောငှာ ရေးဖွဲ့ထားသည်က ‘သံသရာ့ ခရီးသည်’။

စသည်စသည်များဖြင့် ဆရာတက္ကသိုလ်သူ့မောင်၏ ဝတ္ထုများကို ဖတ်ရှုရသောအခါ နှောင်းခေတ်ကို ရောက်ရှိသွားစေရုံသာမက လူမှုဘဝရသအစုံကို ခံစားရနိုင်သကဲ့သို့ တပ်မတော်သား တို့၏ ဘဝအဖုံဖုံကိုလည်း သိမြင်နိုင်ပါစေမည်ဟု ညွှန်းဆိုလိုက်ရပါသည်။

ဆက်သွယ်မှာယူရန်-

ဖုန်း- 09 681 199 201, 09 257 378 495

Viber- 09 976 155 912, 09 693 427 878 ကို ဆက်သွယ်မှာယူနိုင်ပါသည်။

Scroll to Top