About Us

၁။ မြဝတီမဂ္ဂဇင်းကို ၁၉၅၂ ခုနှစ်၊နိုဝင်ဘာလတွင် တပ်မတော်စာပေမြှင့်တင်ရေးက စတင်ထုတ်ဝေခဲ့သည်။မြဝတီမဂ္ဂဇင်းစတင်ထုတ်ဝေခဲ့ပြီးနောက် ၁၉၅၃ ခုနှစ်၊မတ်လတွင် အမှတ် ၁၈၄၊ ၃၂ လမ်း(အထက်)၊ ပန်းဘဲတန်းမြို့နယ်တွင် မြဝတီပုံနှိပ်တိုက်က (၂)ထပ်တိုက်တန်းရှည် အဆောက်အအုံကိုရရှိခဲ့သည်။ ၃၂ လမ်း(အထက်)တွင်ရှိသော (၂)ထပ်တိုက်အဆောက်အအုံမှာ ဂျပန်ခေတ်ကာလက တိုက်ဟောင်းကြီးတစ်ခုဖြစ်ခဲ့သည်။

၂။ မြဝတီမဂ္ဂဇင်းကို ၁၉၅၂ ခုနှစ်၊နိုဝင်ဘာလတွင် စတင်ထုတ်ဝေခဲ့ရာတွင် တပ်မတော် စာပေမြှင့်တင်ရေးအဖွဲ့က စစ်ရေးရော၊ စာပေရေးရာပါ ကုံလုံကြွယ်ဝသည့် မြဝတီမင်းကြီးဦးစ ကိုရည်ညွှန်းကာ အထိမ်းအမှတ်တစ်ခုအဖြစ် ဦးစ၏အမွေကိုဆက်ခံမည့် စာပေစစ်သည်လောင်းများအတွက် လမ်းဖွင့်ပေးခဲ့ခြင်းဖြစ်သည်။နိုင်ငံတော်ကို အသက်နှင့်ရင်း၍ကာကွယ်သည့် တပ်မတော်နင့်ပြည်သူများအကြားရွေလမ်း၊ငွေလမ်းခင်းပေးခြင်းလည်းဖြစ်သည်။

၃။ မြဝတီမဂ္ဂဇင်းကြီးကြပ်ရေးအဖွဲ့အဖြစ် ၁၉၅၃ ခုနှစ်တွင် ပထမဆုံးရွေးချယ်တာဝန်ပေးခဲ့သော အဖွဲ့ဝင်များမှာ-

(က) ဗိုလ်မှူးချုပ်တင်ဖေ (ဥက္ကဋ္ဌ)
(ခ) ဗိုလ်မှူးကြီးအောင်ကြီး (အမှုဆောင်အဖွဲ့ဝင်)
(ဂ) ဒုတိယဗိုလ်မှူးကြီးစန်းယု (အမှုဆောင်အဖွဲ့ဝင်)
(ဃ) ဒုတိယဗိုလ်မှူးကြီးသန်းစိန် (အမှုဆောင်အဖွဲ့ဝင်)
(င) ဒုတိယဗိုလ်မှူးကြီးရှိန်း (အမှုဆောင်အဖွဲ့ဝင်)
(စ) ဗိုလ်ကြီးဘသောင်း (အမှုဆောင်အဖွဲ့ဝင်)
ဟူ၍ ပါရှိသည်။ ထိုစဉ်က ဒုတိယဗိုလ်မှူးကြီးစန်းယုသည် နောင်တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစန်းယုနှင့် နိုင်ငံတော်သမ္မတကြီး ဦးစန်းယုဖြစ်လာသည်။

၄။ တစ်ဖန် ၁၉၅၄ ခုနှစ်တွင် ကာကွယ်ရေးဌာန(စစ်ရုံး) ဖွဲ့စည်းပုံတွင် စိတ်ဓာတ်စစ်ဆင်မှုန်ကြားရေးဌာနကို ထည့်သွင်းဖွဲ့စည်း၍မဝတီပုံနှိပ်တိုက်တွင်အာက်ဖော်ပြပါပုဂ္ဂိုလ်များ ပါဝင်သည့်အဖွဲ့ဖြင့် ရုံးထိုင်ဆောင်ရွက်ခဲ့သည်။ ယင်းတို့မှာ-

(က) ဦးညွန့်မောင်(ညွှန်ကြားရေးမှူး)
(ခ) ဗိုလ်ကြီးဘသောင်း
(ဂ) ဗိုလ်ကြီးကျော်သောင်း
(ဃ) ဗိုလ်ကြီးကျော်ဆန်း
(င) ဗိုလ်ကြီးသန်းကြွယ်
(စ) ဗိုလ်ကြီးတင်စိုး ဟူ၍ ပါရှိသည်။

၅။၁၉၆၃ခုနှစ်၊အာက်တိုဘာလ၂ဝရက်နေ့တွင် မြဝတီပုံနှိပ်တိုက်ကို တပ်မတော်ပိုင်မှ ပြည်သူပိုင်အဖြစ်သတ်မှတ်ခဲ့သည်။၁၉၆၄ခုနှစ်၊အာက်တိုဘာလ၁ရက်တွင်မြဝတီပုံနှိပ်တိုက်သည် ပြန်ကြားရေးဝန်ကြီးဌာနအောက်သို့ရာက်ရှိခဲ့သည်။ ၁၉၇၂ ခုနှစ်၊ မတ်လတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းကော်ပိုရေးရှင်း၏ လက်အောက်ခံအဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့သည်။

၆။၁၉၈၈ခုနှစ်တွင် မြဝတီပုံနှိပ်တိုက်ကို ပြည်သူပိုင်သိမ်းထားသော သတင်းစာတိုက်များအပါအဝင် မူလပိုင်ရှင်များသို့ ပြန်လည်ပေးအပ်ခဲ့သည်။၁၉၈၉ခုနှစ်၊မတ်လဆန်းတွင် မြဝတီပုံနှိပ်တိုက်ကို ကာကွယ်ရေးဝန်ကြီးဌာနသို့ တရားဝင်လွှဲပြောင်းကာ မြဝတီကုမ္ပဏီလီမီတက် အဖြစ်တည်ရှိလာခဲ့သည်။ဤတွင်ဦးသိန်းစိန်(ပြန်ကြားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး) က မြဝတီ၏အမှုဆောင်အရာရှိချုပ်အဖြစ် နှင့် အယ်ဒီတာချုပ်အဖြစ်ပါ ပူးတွဲဆောင်ရွက်ခဲ့သည်။ ဤနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ဆောင်ပုဒ်များရေးသားပြုစုရေး ကော်မတီ၏လုပ်ငန်းများကို ထပ်ဆင့်အကောင်အထည်ဖော်သည့်အနေဖြင့် စာပေနှင့်ဓာတ်ပုံ ပြိုင်ပွဲများကို မြဝတီက ဆက်လက်ကျင်းပပေးခဲ့သည်။

၇။၁၉၈၉ခုနှစ်၊မတ်လ၁ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၏ ပြန်ကြားချက်အရ မြဝတီပုံနှိပ်တိုက်ကိုမူလပိုင်ရှင်ဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန သို့ ပြန်လည်လွှဲပြောင်းရယူခဲ့ပြီး ကုမ္ပဏီလီမီတက် အသွင်ဖြင့်
အောက်ပါအုပ်ချုပ်ရေးအဖွဲ့ က ကြီးကြပ်အုပ်ချုပ်ဆောင်ရွက်ခဲ့သည် –

(က) ညွှန်ကြားရေးမှူး ဥက္ကဋ္ဌ
ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး
ကာကွယ်ရေးဝန်ကြီးဌာန

(ခ) ဒုတိယစစ်ရေးချုပ် အဖွဲ့ဝင်
စစ်ရေးချုပ်ရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန
(ဂ) ဒုတိယဥပဒေချုပ် အဖွဲ့ဝင်
စစ်ဥပဒေချုပ်ရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန
(ဃ) စခန်းမှူး အဖွဲ့ဝင်
စခန်းမှူးရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန
(င) ဒုတိယညွှန်ကြားရေးမှူး အဖွဲ့ဝင်
ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး
(စ) စစ်ဦးစီးမှူး(ပထမတန်း) အဖွဲ့ဝင်
ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)
ကာကွယ်ရေးဝန်ကြီးဌာန

(ဆ) စစ်ဦးစီးမှူး(ပထမတန်း) အဖွဲ့ဝင်

ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)
ကာကွယ်ရေးဝန်ကြီးဌာန
(ဇ) လက်ထောက်စစ်ထောက်ချုပ် အဖွဲ့ဝင်
စစ်ထောက်ချုပ်ရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန

(ဈ) အမှုဆောင်အရာရှိချုပ် အဖွဲ့ဝင်
မြဝတီပုံနှိပ်တိုက်
(ည) ဒုတိယညွှန်ကြားရေးမှူး အဖွဲ့ဝင်
ငွေစာရင်းရုံး၊ ကာကွယ်ရေးဝန်ကြီးဌာန
(ဋ) ဒုတိယညွှန်ကြားရေးမှူး အတွင်းရေးမှူး
ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး
ကာကွယ်ရေးဝန်ကြီးဌာန
(ဌ) ဦးစီးအရာရှိ(ဒုတိယတန်း) တွဲဖက်အတွင်းရေးမှူး
ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊
ကာကွယ်ရေးဝန်ကြီးဌာနတို့ ပါဝင်ကြသည်။

၈။၁၉၉၆ခုနှစ်၊ အောက်တိုဘာလ၁ရက်နေ့တွင် မြဝတီပုံနှိပ်တိုက်ကို ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး လက်အောက်ခံတပ်ဖွဲ့တစ်ဖွဲ့အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ သို့ဖြစ်၍ မြဝတီပုံနှိပ်တိုက်ကို ၁၉၉၆ခုနှစ်၊စက်တင်ဘာလ၃ဝရက်တွင် မြဝတီစာပေတိုက်အုပ်ချုပ်ရေးအဖွဲ့မှ စာတည်းမှူးချုပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
ယင်းနောက် စာတည်းမှူးချုပ်အဖြစ် –

(က) ကြည်း ၁၂၂၄၄ ဒုတိယဗိုလ်မှူးကြီးချစ်နိုင် (ချစ်နိုင်-စိတ်ပညာ)၊ စာတည်းမှူးချုပ်

(၁-၁ဝ-၁၉၉၆ မှ ၁၇-၁၂-၁၉၉၇ ထိ)။
(ခ) ကြည်း ၁၁၈၂၉ ဒုတိယဗိုလ်မှူးကြီးစိန်ဝင်း၊ စာတည်းမှူးချုပ်
(၁၇-၁၂-၁၉၉၇ မှ ၁ဝ-၆-၁၉၉၉ ထိ)။
(ဂ) ကြည်း ၁၆၇၃၁ ဗိုလ်မှူးချစ်သန်း၊ စာတည်းမှူးချုပ်
(၁ဝ-၆-၁၉၉၉ မှ ၃ဝ-၉-၂ဝဝဝ ထိ)။
(ဃ) ကြည်း ၁၄၈၇၂ ဒုတိယဗိုလ်မှူးကြီးစံငြိမ်း၊ စာတည်းမှူးချုပ်
(၃ဝ-၉-၂ဝဝဝ မှ ၂၅-၁ဝ-၂ဝဝ၂ ထိ)။
(င) ကြည်း ၁၅၅၂၄ ဒုတိယဗိုလ်မှူးကြီးတင့်ဝေ၊ စာတည်းမှူးချုပ်
(၂၅-၁ဝ-၂ဝဝ၂ မှ ၁-၈-၂ဝဝ၈ ထိ)။
(စ) ကြည်း ၂ဝ၂၄၉ ဒုတိယဗိုလ်မှူးကြီးကျော်ကျော်ဦး၊ စာတည်းမှူးချုပ်
(၁-၈-၂ဝဝ၈ မှ ၂၇-၁၂-၂ဝ၁၈ ထိ)။

(ဆ) ကြည်း ၃၂၂၈၂ ဒုတိယဗိုလ်မှူးကြီးနေမျိုးထက်၊ စာတည်းမှူးချုပ်

(၃-၆-၂၀၁၉ မှ ယနေ့ထိ) တို့ဖြစ်ကြပါသည်။

Scroll to Top