မြဝတီစာပေတိုက်ထုတ်ဂျာနယ်/စာစောင်များ ခေတ္တရပ်နားခြင်း

မြဝတီစာပေတိုက်ထုတ်ဂျာနယ်/စာစောင်များ ခေတ္တရပ်နားခြင်း

 

မြဝတီစာပေတိုက်ထုတ်ဂျာနယ်/စာစောင်များ ခေတ္တရပ်နားကြောင်း

အသိပေးကြေညာခြင်း

၁။    မြဝတီစာပေတိုက်က အပတ်စဉ်ထုတ်ဂျာနယ်များအဖြစ် မိုးသောက်ပန်းဂျာနယ်၊ အားကစားမြင်ကွင်းဂျာနယ်၊ သုတကမ္ဘာဂျာနယ်နှင့် လစဉ်ထုတ်စာစောင်အဖြစ် တေဇရုပ်စုံစာစောင်တို့ကို ထုတ်ဝေလျက်ရှိပါသည်။ ယခုအခါတွင် COVID-19 ကမ္ဘာ့ကပ်ရောဂါသည် အလွန်မြန်ဆန်စွာ ကူးစက်ပြန့်ပွားလျက်ရှိရာ ၎င်းရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် စနစ်တကျထိန်းချုပ်နိုင်ရန်အတွက် ထုတ်ဝေဖြန့်ချိလျက်ရှိသော ဂျာနယ်/စာစောင်များကို အောက်ပါအစီအစဉ်အတိုင်း ခေတ္တရပ်နားလိုက်ပါသည်-

(က)   မိုးသောက်ပန်းဂျာနယ်

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်ထုတ်၊

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၃ ရက်ထုတ်၊

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၀ ရက်ထုတ်၊

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်ထုတ်တို့ကို (၄) ပတ်ရပ်နားခြင်း။

(ခ)   အားကစားမြင်ကွင်းဂျာနယ်

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်ထုတ်၊

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၅ ရက်ထုတ်၊

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်ထုတ်၊

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်ထုတ်တို့ကို (၄) ပတ်ရပ်နားခြင်း။

(ဂ)      သုတကမ္ဘာဂျာနယ်

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်ထုတ်၊

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၇ ရက်ထုတ်၊

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်ထုတ်၊

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်ထုတ်တို့ကို (၄) ပတ်ရပ်နားခြင်း။

(ဃ)    တေဇရုပ်စုံစာစောင်

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလထုတ်ကို (၁) လရပ်နားခြင်း။

၂။           ဂျာနယ်/စာစောင်များထုတ်ဝေမှုကို အထက်ပါအတိုင်း ခေတ္တရပ်နားပြီးနောက် ပုံမှန်အတိုင်း ဆက်လက်ထုတ်ဝေဖြန့်ချိသွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများအား အသိပေးကြေညာအပ်ပါသည်။

 

မြဝတီစာပေတိုက်

 

Scroll to Top