စာချစ်သူအတွက် စာလက်ဆောင်(ကဗျာ)

စာချစ်သူအတွက် စာလက်ဆောင်(ကဗျာ)

မေတ္တာရေစီး

မရောက်သည်မှာ၊ ကြာတောင့်ကြာမှ

မေတ္တာတစ်ပွေ့၊ ပြန်ဆုံတွေ့သည်

အဖေ့အိမ်က ထမင်းဝိုင်း။

 

အဖေနှင့်သား၊ သည့်နှယ်များလျှင်

စကားလက်ဆုံ၊ ဟင်းလက်ဆုံနှင့်

မဆုံဖြစ်သည် ကြာလေပြီ။

 

ထမင်းဝိုင်းတွင်၊ လူစုံလင်တော့

ငယ်စဉ်ကာလ၊ ဟိုတုန်းကလို

အားရပါးရ၊ စားစမ်းပါ့တဲ့

အဖဆိုလျက်၊ လက်သွက်သွက်ပင်

သားတွက်ဆယ်ခပ် ဟင်းတစ်ဖတ်။

 

မေတ္တာအလေ့၊ ပန်းတစ်ပွေ့နှင့်

အဖေ့နှယ်တွေး၊ လက်မနှေးပါ

မြေးပန်းကန်ထဲ၊ သားလက်လွှဲစဉ်

အသည်းကသိ၊ စာနာကြည့်နှင့်

ပီတိချိုဆုံး၊ အဖေပြုံးတော့

နှလုံးကြည်စိမ့် သားရင်ငြိမ့်။ ။

ချစ်စုအောင်

Scroll to Top