မြဝတီစာပေတိုက်၏ ၂၀၂၁ ခုနှစ်အတွက် နှစ်ပတ်လည်စာမူဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မြဝတီစာပေတိုက်၏ ၂၀၂၁ ခုနှစ်အတွက် နှစ်ပတ်လည်စာမူဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

မြဝတီစာပေတိုက်၏ ၂၀၂၁ ခုနှစ်အတွက် နှစ်ပတ်လည်စာမူဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

 

ရန်ကုန် ဧပြီ ၂၁

၂၀၂၁ ခုနှစ်အတွက် မြဝတီမဂ္ဂဇင်း၊ ငွေတာရီမဂ္ဂဇင်းနှင့် သုတအလင်းမဂ္ဂဇင်း နှစ်ပတ်လည် အကောင်းဆုံးစာမူဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ်ရှိ မြဝတီစာပေတိုက်တွင် ကျင်းပသည်။ ရှေးဦးစွာ မြဝတီစာပေတိုက် စာတည်းမှူးချုပ် ဒုတိယဗိုလ်မှူးကြီးနေမျိုးထက်က အဖွင့်နှုတ်ဆက်စကားပြောကြားပြီး နှစ်ပတ်လည် အကောင်းဆုံးစာမူဆုရရှိကြသူ စာပေပညာရှင်များအား ဆုများ အသီးသီးချီးမြှင့်ခဲ့သည်။

ယင်းနောက် ဆုရရှိသူများကိုယ်စား ဆရာရေနံ့သာမောင်ကျော်ညွန့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ အခမ်းအနားအပြီးတွင် စာတည်းမှူးချုပ်နှင့်တကွ ဆုရရှိသူများက အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။

၂၀၂၁ ခုနှစ်အတွက် မြဝတီမဂ္ဂဇင်း နှစ်ပတ်လည် အကောင်းဆုံးကာတွန်းဆုကို ကာတွန်းစိုးစံကလည်းကောင်း၊ အကောင်းဆုံးကဗျာဆုကို မောင်စိမ်းနောင်(လယ်ဝေး)၏ “လွမ်းရင်းတမ်းရင်း” ကလည်းကောင်း၊ အကောင်းဆုံးဆောင်းပါးဆုကို မောင်ချစ်ထွေး(မဟာဝိဇ္ဇာ)၏ “စာပေရေစီးကြောင်း” ကလည်းကောင်း၊ အကောင်းဆုံးရသစာတမ်းဆုကို ဟန်သူရဗိုလ်၏ “ဘဲစားမြက်ပေါ်ဖြတ်တိုက် သွားတဲ့တိမ်တွေ” ကလည်းကောင်း၊ အကောင်းဆုံးဝတ္ထုတိုဆုကို ပင်မြင့်စံ(ရွှေဘို)၏ “အလင်းဖျော့ကြယ်တစ်ပွင့်၏တောင်းဆု” ကလည်းကောင်း၊ အကောင်းဆုံးဝတ္ထုရှည်ဆုကို ရွှေညောင်မြေမောင်စန်းမြင့်၏ “ချောင်းရေယဉ် သွင်သွင်စီးပါလို့” ကလည်းကောင်း၊ ကလောင်သစ်ဝတ္ထုတိုဆုကို အမေ့သား(နတ်မောက်)၏ “တိမ်တိုက်ကြားကလရောင်” ကလည်းကောင်း၊ ငွေတာရီမဂ္ဂဇင်း နှစ်ပတ်လည်အကောင်းဆုံးကာတွန်းဆုကို ကာတွန်းအောင်ကျော်ကလည်းကောင်း၊ အကောင်းဆုံးကဗျာဆုကို ကျော်စွာသူ(သာယာဝတီ)၏ “တို့ရိုးရာ တို့ဓလေ့” ကလည်းကောင်း၊ အကောင်းဆုံးဆောင်းပါးဆုကို ပုသိမ်အောင်သန်းဦး၏ “အဖေ” ကလည်းကောင်း၊ အကောင်းဆုံးရသစာတမ်းဆုကို ညိမ်းညို၏ “သန်စွမ်းသောနေ့ရက်များ” ကလည်းကောင်း၊ အကောင်းဆုံးဝတ္ထုတိုဆုကို ခန့်ကျော်ထင်လှိုင်(လွိုင်ကော်)၏ “ဝါလစ်” ကလည်းကောင်း၊ အကောင်းဆုံးဝတ္ထုရှည်ဆုကို မြူမင်းလွင် (မော်လမြိုင်)၏ “ဟတ္ထိဝင်္ကံ နဒီဝင်္ကံ” ကလည်းကောင်း၊ ကလောင်သစ်ဝတ္ထုတိုဆုကို ချိုမြသွင်၏ “နားရွက်သံသရာ” ကလည်းကောင်း၊  သုတအလင်းမဂ္ဂဇင်း နှစ်ပတ်လည်အကောင်းဆုံးကာတွန်းဆုကို ကာတွန်းစက္ခုကလည်းကောင်း၊ အကောင်းဆုံးကဗျာဆုကို ရေနံ့သာမောင်ကျော်ညွန့်၏ “ကန်တော့ပန်း” ကလည်းကောင်း၊ အကောင်းဆုံးဆောင်းပါးဆုကို မောင်သာ(ရှေးဟောင်းသုတေသန)၏ “မြောက်ဦးနှင့် ပုထိုးတော်နှစ်ဆူ” ကလည်းကောင်း အသီးသီးရရှိခဲ့ကြသည်။

Scroll to Top