သင်းပျံ့စံပယ်

သင်းပျံ့စံပယ်

စာအုပ်အမည်- သင်းပျံ့စံပယ်

ရေးသူ- ပုသိမ်အောင်သန်းဦး

ထုတ်ဝေသူ- မြဝတီစာပေတိုက်

စာရေးဆရာကြီးပုသိမ်အောင်သန်းဦး၏ “သင်းပျံ့စံပယ်”ဝတ္ထုစာအုပ်ဖြစ်ပါသည်။ စာအုပ်မှာ  မိုင်းရှူးနောက်ခံမှော်ဝတ္ထုဖြစ်ပါသည်။ ဘဝ၏ကြုံတွေ့ရသောလောကဓံတရားများ  ကြံ့ကြံ့ခံနိုင်အောင် ခွန်အားဖြစ်စေရန် ရည်ရွယ်ထားသည်ကို တွေ့သိခံစားရပါသည်။

“ကိုယ့်မှာ မိန်းမရှိပါလျက် ကျွန်တော်လူပျိုပါဟု မညာချင်ပါ၊ မဆိုသင့်ပါ။ မိုင်းရှူးအချစ် ဆယ့်ငါးမိနစ်ဇာတ်လမ်းတွေထဲတွင် သူမပါဝင်ချင်ပါ။ သူ စံပယ်ပွင့်အပေါ် သစ္စာရှိရမည်။ သူစံပယ်ပွင့်အချစ်ကို လေးစားရမည်။ တန်ဖိုးထားရမည်။

သူ့ကိုချစ်လွန်း၍ မိဘတွေ၏စွန့်ပစ်ခြင်းခံနေရသည့် စံပယ်ပွင့်ကို သူလျစ်လျူမရှုနိုင်ပါ။ ဥပေက္ခာမပြုနိုင်ပါ။” ဟု ယောကျာ်းကောင်းတို့နှလုံးကိုမူ၍ မိမိ၏အိမ်ထောင်ဖက်ကို သစ္စာမဖောက်ခဲ့သည်ကို မိမိကိုယ်ကို ထိန်းသိမ်းခဲ့မှု၊ သစ္စာစောင့်မှုတို့ကို ဆရာကြီးက ဝါကျတိုဖြင့် ရှင်းလင်းစွာရေးသားထားသည်ကို တွေ့ရမည်ဖြစ်ပါသည်။

“မိန်းကလေးကလဲ  သူ့ကိုဖက်ထားရင်း ဝတ်ထားသောလုံချည်က  ပြေလျော့လာသည်။ လက်တစ်ဖက်က ဘောင်းဘီကြယ်သီးများကို ဖြုတ်နေသည်။ အာကာမိုး မိန်းကလေးကို သိုင်းဖက်ပွေ့ပိုက်ထားရင်း ရနံ့တစ်ခုကို ရရှိလိုက်သည်။ စံပယ်ရနံ့။ မိန်းကလေး၏ခေါင်းတွင် စံပယ်ပန်းကုံးလေး ပန်ထားသည်ကိုတွေ့လိုက်ရ၏” ဟု ရေးဖွဲ့ထားသည်မှာ မှော်တောမှာ ဖြစ်လေ့၊ ကြုံလေ့ရှိသည့်ဘဝသဘောကို ပေါ်လွင်အောင် ရေးသားထားပါသည်။ ဆရာကြီး၏ စာပေအတွေ့အကြုံ၊ ဘဝအတွေ့အကြုံဖြင့် လူငယ်တို့၏ ဘဝအားမာန်တို့ကို ကောင်းမွန်သောနေရာတွင် အသုံးချတတ်စေရန် ပညာပေးရေးသားထားသည်မှာ ဘဝအကျိုးပြုစာပေ၊ လောကအကျိုးပြုစာပေပင်ဖြစ်သည်ဟု ဆိုချင်တော့သည်။

စာအုပ်မှာယူလိုပါက-

ဖုန်း- 09 681 199 201, 09 257 378 495

Viber- 09 976 155 912, 09 693 427 878 ကို ဆက်သွယ်မှာယူနိုင်ပါသည်။

Scroll to Top