စာချစ်သူအတွက် စာလက်ဆောင်(ဝတ္ထု)
စာချစ်သူအတွက် စာလက်ဆောင်(ဝတ္ထု) တစ်ပွင့်ကြွေ၍ တစ်တောလုံးမွှေးခဲ့သည် စမ်းချောင်းကလေးထဲမှာ ရေတွေက တသွင်သွင်စီးဆင်းနေကြသည်။ ဟိုချင်းတောင်ပေါ်က မြစ်ဖျားခံပြီး စီးဆင်းခဲ့လို့ထင်ပါရဲ့၊ အေးချမ်းခြင်းသင်္ကေတနှင့် တငြိမ့်ငြိမ့်ကြည်လင်တောက်ပနေ၏။ မှိုင်း ဝေအုံ့ဆိုင်းနေသောမြူခိုးများက ‘‘ဆောင်းရာသီ ပူဇော်ခန်း’’လို တခမ်းတနားအလှဆင်ထားကြ၏။ ချင်းတောင်ထိပ်တစ်နေရာဆီက ငှက်ကလေးများ၏ သီချင်းဆိုလေ့ကျင့်နေကြသံများကိုလည်း […]